
(၁-၈-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၁-၈-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဖွဲစည်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်
၂။ နစက အာဏာပြန်အပ်ပြီးနောက် ဦးညိုစော နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်လာ
၃။ ထိုင်းနှင့်မြန်မာ လေတပ်ကာကွယ်ရေးဦးစီးချုပ်များ တွေ့ဆုံပြီး နှစ်နိုင်ငံဒေသတွင်းလုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဆွေးနွေး
၄။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး မင်းဘူးခရိုင်နှင့် မြိုနယ်၊ ရပ်ကျေးပါတီဝင်များနှင့် တွေ့ဆုံ
၅။ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၃) သင်တန်းဆင်းပွဲများ တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းအသီးသီး၌ ကျင်းပ
၆။ DPLA ၊ MDY-PDF နှင့် TNLA အဖွဲဝင် ၁၂ ဦး ဥပဒေဘောင်အတွင်းသို ထပ်မံဝင်ရောက်
၇။ မိတ္ထီလာမြိုနယ်၌ ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသော ယာဉ်ပေါက်ကွဲပြီး PDF ၅ ဦး သေဆုံး
၈။ ဇူလိုင်လ ၃၁ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၈၉၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၉၃၅ ကျပ်၊ Octane 95 – ၂၉၉၀ ကျပ်၊ Diesel – ၂၇၁၀ ကျပ်၊ Premium Diesel – ၃၃၅၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ပါလက်စတိုင်းကို အသိအမှတ်ပြုမှုသည် ဟားမတ်စ်ကို အကျိုးရှိစေမည်ဆိုသော ဝေဖန်မှုများ ဗြိတိန်ပယ်ချ
၂။ ကျွန်မအဖေကို ICCက ဖမ်းထားစရာ ဘာအကြောင်းမှ မရှိဘူးလို ဆာရာဒူတာတေးပြော
၃။ ထိုင်း၊ ကမ္ဘောဒီးယားတိုနှင့် ကုန်သွယ်ရေးသဘောတူညီချက် ရပြီဟုဆို
၄။ အိန္ဒိယကုန်ပစ္စည်းများအပေါ် ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ စည်းကြပ်ခွန်များ ကောက်ခံမည်ဟု ထရမ့် ခြိမ်းခြောက်
၅။ ဂင်္ဂါမြစ်ထက်ရှည်လျားသော မြစ်လမ်းကြောင်းကြီး မားစ်ဂြိုဟ်၌ ရှိခဲ့ဖူးကြောင်း လေ့လာတွေ့ရှိ
၆။ ပြင်းထန်စွာ လှုပ်ခတ်ခဲ့သည့် ငလျင်အပြီး ကမ်ချတ်ကာရှိ Klyuchevskaya Sopka မီးတောင် ပေါက်ကွဲ
အားကစားသတင်းများ
၁။ ၂၀၂၆ အာရှဖူဆယ်ပြိုင်ပွဲ ခြေစစ်ပွဲအတွက် ပဏာမ မြန်မာ့လက်ရွေးစင်လူစာရင်း ထုတ်ပြန်
၂။ ကမ္ဘာ့နဂါးလှေလှော် ပြိုင်ပွဲတွင် မြန်မာအသင်းက ပြိုင်ပွဲအမျိုးအစား(၆)မျိုး ဝင်ရောက်ယှဉ်ပြိုင်မည်
၃။ ခြေစမ်းပွဲမှာ FC Seol ကို အဝေးကွင်းမှာ ဂိုးမိုးရွာခဲ့တဲ့ ဘာစီလိုနာ
၄။ မြိုခံပြိုင်ဘက် တော့တင်ဟမ်နဲ့ပွဲမှာ ရှုးပွဲတွေ့သွားတဲ့ အာဆင်နယ်
၅။ ပရီးမီးယားလိဂ် Summer Series မှာ နှစ်ပွဲဆက် အနိုင်ရခဲ့တဲ့ ယူနိုက်တက်
အနုပညာသတင်းများ
၁။ အိပ်မက်တွေက ဈေးကြီးတယ် ဇာတ်ကားရိုက်ကွင်းမှာ မသွန်းဆက်အရမ်းက,လို ကလေးထွက်ကျဦးမယ်လို သတိပေးခဲ့တဲ့ ပိုင်တံခွန်
၂။ အချစ်သီချင်းကို လျှိဝှက်သည်းဖိုပုံစံ ဒါရိုက်တာစာမေးပွဲဖြေသလို ရိုက်ထားတဲ့ နိုင်ဇော်(ဂီတမှူး)
၃။ ကိုယ့်စိတ်ဝင်စားတဲ့သူကို Crush ပုံစံ “ဆယ်ရာစုနှစ်အချစ်” Music Video ကို ပရိသတ်အတွက်လက်ဆောင်ပေးသွားမယ့် ဇောင်းဆေး
၄။ မင်္ဂလာမောင်နှံတွေအတွက် ရှေ့လာမယ့်ရာသီတွေမှာ ဘယ်လို Trend တွေခေတ်စားလာမလဲဆိုတဲ့ ဒီဇိုင်နာ အန်တီငယ်
၅။ Taxi မောင်းတဲ့အမျိုးသမီးတွေမှ မဟုတ်ဘဲ ဘဝကိုရုန်းကန်နေတဲ့ အမျိုးသမီးအကုန်လုံးကို ကိုယ်ချင်းစာတယ်ဆိုတဲ့ ယွန်းရွှေရည်