// | DailyBriefNews (၃၀-၇-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ် -

(၃၀-၇-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၃၀-၇-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ အနာဂတ်တွင် ငလျင်အန္တရာယ်ကြုံတွေ့လာပါက ပြည်သူများ၏ အသက်အိုးအိမ်လုံခြုံမှုပေးနိုင်ရန် အကျိုးစီးပွားပါဝင်ပတ်သက်သူများအားလုံး ပူးပေါင်းလုပ်ဆောင်ပေးရမည်

၂။ စစ်ဘက်ဆိုင်ရာလျှိဝှက်ချက်အား ခွင့်ပြုချက်မရှိဘဲ လွှပြောင်းပေးခြင်း ပြုလုပ်ပါက သေဒဏ်ချမှတ်နိုင်သည့် “စစ်ဘက်ဆိုင်ရာလျှိဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေ” ပြဋ္ဌာန်း

၃။ ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးရေးပါတီက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် UEC ထံ ဆက်လက်လျှောက်ထား

၄။ ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၃၀ သန်း ထပ်မံထုတ်ရောင်း၍ ယခုဘဏ္ဍာနှစ် လေးလခန့်တွင် ဒေါ်လာ ၄၅၇ သန်း ထုတ်ရောင်းပေးထား

၅။ ပုဗ္ဗသီရိမြိုနယ်၌ မြန်မာအီလက်ထရောနစ်စနစ် မဲပေးစက် (MEVM) တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်

၆။ ကော့ကရိတ်မြိုတွင်းနေ ပြည်သူများအား အခြေခံစားသောက်ကုန်များပေးအပ်

၇။ မိုးကုတ်မြိုရှိ အကြမ်းဖက် TNLA/PDF စခန်းကို တပ်မတော်က လေကြောင်းဖြင့် သုံးကြိမ်တိုင် ဗုံးကြဲရှင်းလင်း၊ အကြမ်းဖက်အဖွဲဝင်တွေ ထိခိုက်သေဆုံးမှုများပြား

၈။ ဇူလိုင်လ ၂၉ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၉၀၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၉၃၅ ကျပ်၊ Octane 95 – ၂၉၉၀ ကျပ်၊ Diesel – ၂၇၁၀ ကျပ်၊ Premium Diesel – ၃၃၅၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ကမ္ဘောဒီးယားဘက်က အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ကြောင်း ထိုင်းကြည်းတပ် ဆို၊ နယ်စပ်ပဋိပက္ခပြီးဆုံးခဲ့ပြီဖြစ်ကြောင်း ကမ္ဘောဒီးယား ဆို

၂။ ရုရှားကို အီရန်လိုများ အောက်မေ့နေသလားလို မက်ဗီဒက်က ထရမ့်ကို သတိပေး

၃။ ယူကရိန်းစစ်အဆုံးသတ်ရေး ကြိုးပမ်းရန် ထရန့်က ရုရှားကို ထပ်မံဖိအားပေး

၄။ တရုတ်(တိုင်ပေ)အရေးနဲ့ပတ်သက်ပြီး တရုတ်ကို တိုက်ခိုက်သွားနိုင်တယ်လို ဗြိတိန်သတိပေး

၅။ အမေရိကန်၊ နယူးယော့ခ်က ကမ္ဘာ့အကြီးဆုံးရင်းနှီးမြှုပ်နှံမှုများတည်ရှိရာ မိုးမျှော်တိုက်တွင် သေနတ်သမားတစ်ဦးက အစုလိုက်အပြုံလိုက် ပစ်ခတ်မှုဖြစ်ပွား

၆။ ဩဂုတ် (၂) ရက်နေ့ တစ်ကမ္ဘာလုံးအမှောင်ကျမည်လား

အားကစားသတင်းများ

၁။ အာရှဘောလုံးအဖွဲချုပ် (AFC) မှ ကြီးမှူးကျင်းပမည့် ဘောလုံးပြိုင်ပွဲများ၏ ပွဲစဉ်များအား အိမ်ရှင်အဖြစ် အောင်မြင်စွာလက်ခံကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိင်းအစည်းအဝေးကျင်းပ

၂။ YUFC အသင်းနှင့် စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်သည့် ကွင်းလယ်ကစားသမား ဝေလင်းအောင်

၃။ ချိန်တူး ကမ္ဘာ့အားကစားပွဲတွင် နဂါးလှေလှော်ပြိုင်ပွဲအတွက် မြန်မာလှေလှော်အားကစားသမားများ အရှိန်မြှင့်ပြင်ဆင်လေ့ကျင့်လျက်ရှိ

၄။ ဘောလုံးလောကရဲ့ GOAT ကို ပြောပြသွားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်

၅။ အာဆင်နယ်အသင်းနဲ့ လေ့ကျင့်ခန်းဆင်းနေပြီဖြစ်တဲ့ ယောကရက်စ်

အနုပညာသတင်းများ

၁။ အမေကလွဲပြီး တခြား ဘယ်သူမှမရှိတဲ့သူမို အမေကျန်းမာရေးမကောင်းချိန်မှာ အမေ့ရှေ့ လုံးဝမငိုဘဲနေတယ်ဆိုတဲ့ နန်းခင်ဇေယျာ

၂။ နာမည်တစ်ခုရလာရင် လွယ်လွယ်ပျောက်မသွားအောင် ထိန်းသိမ်းရတာ တော်တော်လေးကို ခက်ခဲပါတယ်ဆိုတဲ့ အာကာမြင့်အောင်

၃။ တစ်ချိန်ကဦးကျော်ဟိန်းရိုက်ခဲ့တဲ့ မိသားစုဇာတ်ကားပုံစံရိုက်သွားမဲ့ သရုပ်ဆောင်အောင်တိုး

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၉-၇-၂၀၂၅)ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ
Next post ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရန်အတွက် သေဒဏ်အထိချမှတ်နိုင်သည့် ဥပဒေပြဌာန်း