ရွေးကောက်ပွဲကော်မရှင်ခွဲ အဆင့်ဆင့်အား မကြာမီရက်ပိုင်းအတွင်း ခန့်အပ်ဖွဲ့စည်းသွားမည်ဟု UEC ပြော
တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကျေး ရွေးကောက်ပွဲကော်မရှင်ခွဲ အဆင့်ဆင့်ကို မကြာမီရက်ပိုင်းအတွင်း ခန့်အပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဖြေကြားထားပါတယ်။
လက်ရှိတွင် တိုင်းဒေသကြီး၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးများအတွက် ခန့်အပ်ထားခြင်း မရှိသေးသည့်အတွက် မည်သည့်အချိန်တွင် စတင်ခန့်အပ်ဖွဲ့စည်းသွားမည်ကို သိရှိလိုကြောင်း မီဒီယာများ၏ မေးမြန်းမှုအပေါ် UEC က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။
UEC ၏ ဖြေကြားချက် အပြည့်အစုံမှာ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ် ၊ ခရိုင် ၊ မြို့နယ်နှင့် ရပ်ကျေး ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကို မကြာမီရက်ပိုင်းအတွင်း ခန့်အပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။” ဟု ဖြေကြားထားပါတယ်။
