// | DailyBriefNews ဒရာမာဇာတ်လမ်းပုံစံ “ခ... ခရေကုံး မလေးပြုံး" ရုပ်ရှင်ဇာတ်ကားကြီး စာနယ်ဇင်းမိတ်ဆက် -

ဒရာမာဇာတ်လမ်းပုံစံ “ခ… ခရေကုံး မလေးပြုံး” ရုပ်ရှင်ဇာတ်ကားကြီး စာနယ်ဇင်းမိတ်ဆက်

Bawat Film Production ရဲ့ ပထမခြေလှမ်းအဖြစ်ရိုက်ကူးမယ့် ဒရာမာဇာတ်လမ်းပုံစံ “ခ… ခရေကုံး မလေးပြုံး” ရုပ်ရှင်ဇာတ်ကားကြီး စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကို ဇူလိုင် ၁၂ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ Sedona Hotel ကျင်းပခဲ့ပါတယ်။

“ခ ခေရကုံး မလေးပြုံးက ကိုယ်တိုင်ရေးဇာတ်ပါ။ လွန်ခဲ့တဲ့ ၆ နှစ်လောက်က စရေးတုန်းကတော့ မိန်းမ ၆ ယောက်ပါ။ အဲစိတ်ကူးလေးက အကောင်အထည်မဖော်ဖြစ်လိုက်ဘူး။ မပတ္တမြားတို့က ဇာတ်လမ်းတွဲရိုက်ချင်တာဆိုတော့ ဒီဇာတ်လေးကို ပြဖြစ်ခဲ့တယ်။ အမျိုးသမီး ဒါရိုက်တာရှာရင်းကနေ Series ကနေ ရုပ်ရှင်ဖြစ်သွားတာပါ”လို့ သရုပ်ဆောင် ဖူးစုံက ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို မင်းသမီး ဖူးစုံရဲ့ ဇာတ်ကို ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ကောင်းမြတ်သူကျော်က မြန်မာပြည်နဲ့ ထိုင်းနိုင်ငံဘက်မှာ ဒရာမာဇာတ်လမ်းပုံစံ ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ ဖူးစုံ၊ ရွှေသမီး၊ မေတိုးခိုင်၊ အေးသန္တာဗိုလ်၊ ပိုးမီတို့ပါဝင်ပြီး မင်းသမီးဇာတ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ချင်းတွင်းမြစ်ရေတက်၍မုံရွာနှင့်ချောင်းဦးနယ်အနိမ့်ပိုင်းရှိကွမ်းခြံများပျက်ဆီး
Next post (၁၄-၇-၂၀၂၅)ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ