// | DailyBriefNews နစကဥက္ကဋ္ဌမှ အ​မေရိကန်သမ္မသို့ ပြန်ကြားသဝဏ်လွှာတွင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်အပေါ် နိုင်ငံတကာကအထင်အမြင် မှားမှုများ ပါဝင် -

နစကဥက္ကဋ္ဌမှ အ​မေရိကန်သမ္မသို့ ပြန်ကြားသဝဏ်လွှာတွင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်အပေါ် နိုင်ငံတကာကအထင်အမြင် မှားမှုများ ပါဝင်

မီဒီယာများ၏ မဟုတ်မမှန်ထုတ်လွှင့်ခဲ့မှုများကြောင့်သာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်အပေါ် နိုင်ငံတကာကအ ထင်အမြင်မှားမှုများဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇူလိုင် ၉ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံညှိနှိုင်းပြန်ကြားသည့် သဝဏ်လွှာ/အကြောင်းကြားစာ၌ ရေးသားပြောဆိုခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဇူလိုင် ၇ ရက်က မြန်မာနိုင်ငံအပါအဝင်နိုင်ငံ(၁၄)နိုင်ငံအား သွင်း ကုန်ခွန်တိုးမြှင့်စည်းကြပ်ထားမှုကို သဝဏ်လွှာ/အ ကြောင်းကြားစာများပေးပို့ခဲ့ခြင်းနှင့်ပတ်သက်၍ ပြန်လည်ပေးပို့သည့် ညှိနှိုင်းပြန်ကြားသည့် သဝဏ် လွှာ/အကြောင်းကြားစာ၌ ရေးသားပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆွေတော်သမ္မတကြီးအနေဖြင့် ကမ္ဘာ့တည်ငြိမ်အေးချမ်းမှုကိုရှေ့ရှု၍ ပဋိပက္ခများတိုးပွားစေသည့် သတင်းဌာနများနှင့် ရန်ပုံငွေစနစ်များကိုထိန်းချုပ်ပေးခြင်းအတွက် အထူးကျေးဇူးတင်ရှိကာ မမှန်မကန်သတင်းအချက်အလက်များကိုသာ တစ်ဖက် သတ်ထုတ်လွှင့်ခဲ့မှုများကြောင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များကို နိုင်ငံတကာကသိရှိမှုမရှိဘဲ သတင်းမှားများကိုအခြေခံပြီး မြန်မာနိုင်ငံအ ပေါ်အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့ခြင်းများဖြစ်ပေါ်ခဲ့ရသည်ဟု ရေးသားပြောဆိုခဲ့သည်။

ထို့အတူ အမေရိကန်နိုင်ငံမှလည်း မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ထားမှုများသည် မိမိတို့နှစ်နိုင်ငံအတွက် မည်သို့မျှအကျိုးမရှိခြင်းကြောင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကိုရှေ့ ရှု၍ ယခင်ကချမှတ်ခဲ့သည့် စီးပွားရေးပိတ်ဆို့မှု များကို ဖြေလျော့ရုပ်သိမ်းပေးရန် အထူးမေတ္တာရပ် ခံသည်ဟုလည်း ရေးသားပြောဆိုခဲ့သည်။

ထို့ပြင် နစက ဥက္ကဋ္ဌမှ ရွေးကောက်ပွဲမဲမသမာမှုများကြောင့် နိုင်ငံတော်တာဝန်အားလွှဲပြောင်းတာဝန်ယူခဲ့ရသည့် ဖြစ်စဥ်များကိုလည်းရှင်းလင်းရေးသားပြောဆိုခဲ့ပြီး လက်ရှိအချိန်၌ ရွေးကောက်ပွဲကော်မ ရှင်အားပြန်လည်ဖွဲ့စည်းကာ မဲမသမာမှုများကို စစ် ဆေးဖော်ထုတ်ခဲ့မှုသည်လည်း မှန်ကန်မျှတမှုရှိကာ တရားဝင်ရပ်တည်လျက်ရှိသည့် နိုင်ငံရေးပါတီများနှင့် ပြည်သူအများစုကလက်ခံယုံကြည်ခဲ့ကြသည်ဟုလည်း ရေးသားပြောဆိုခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် အစဉ်အဆက်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူဝါဒကိုကျင့်သုံးခဲ့ပြီး မည်သည့်နိုင်ငံနှင့်မျှ ပဋိပက္ခအငြင်းပွားမှုမရှိခဲ့ဘဲ ယင်း အစဉ်အလာကောင်းကိုလည်း ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကာ မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံအပါအဝင် အခြားမည်သည့် ကမ္ဘာ့နိုင်ငံများကိုမျှအနှောင့်အယှက်ပေးမှုမရှိခဲ့ဟုလည်း နစက ဥက္ကဋ္ဌက ရေးသားမှုတွင်ထည့်သွင်းခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၀-၇-၂၀၂၅)ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၁၁-၇-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်