
အလှမောင်တွေအတွက် အခွင့်အလမ်းသစ်ရရှိမယ့် “Mister Myanmar 2025” Top Model Show Runway ပြိုင်ပွဲကျင်းပခဲ့
မြန်မာပြည်က အရည်အချင်းရှိတဲ့ အလှမောင်တွေအတွက် အခွင့်အလမ်းသစ်ရရှိမယ့် “Mister Myanmar 2025” Top Model Show Runway ပြိုင်ပွဲကို ဇူလိုင် ၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ Juction City Promotion Area မှာ ကျင်းပခဲ့ရာ Title Award ဆုရှင် ၄ ဦးကိုရွေးချယ်ပေးခဲ့ပါတယ်။
“ကျွန်တော် ဒီဆုကို ရခဲ့လို့ အရမ်းကိုပျော်ပါတယ်။ အကဲဖြတ်ပေးသူတွေရော ဒီလိုနေရာတစ်ခုရောက် လာအောင်ကူညီပေးတဲ့အားလုံးကို ကျေးဇူးတင်ပါတယ်။ ခုလို Best In Introductory Video ဆုကို ရရှိခဲ့တာကြောင့် ရှေ့ဆက်ပြီးတော့ Mister တစ်ယောက်မှာ ရှိသင့်တာတွေ လိုအပ်တာဖြည့်ပြီး အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ ”လို့ ခါးပတ် ၄ ဇေယျာထက်အောင် (Best In Introductory Video ဆုရှင်) ကပြောပါတယ်။

အဆိုပါ ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် အလှမောင် အယောက် ၂၀ ပါဝင်ပြီး Runway Show ကြီးကို Talent မျိုးစုံနဲ့ ချပြယှဉ်ပြိုင်ခဲ့ကြရာ ခါးပတ် ၄ ဇေယျာထက်အောင်က Best In Introductory Video ဆု၊ ခါးနံပါတ် ၈ မင်းခန့်ဝင်းက Best In Social Media Influencing ဆု ၊ ခါးနံပါတ် ၁၉ Rico က Best In Runway ဆု၊ ခါးနံပါတ် ၁၇ အောင်မင်းဟိန်း Mister Myanmar ဆုတွေကို ရရှိခဲ့တာဖြစ်ပါတယ်။

ဒီပြိုင်ပွဲ Final ကိုတော့ မကြာခင် ကျင်းပမှာဖြစ်ပြီးတော့ Winner ဆုရရှိသူကတော့ သိန်း ၃၀၀၀ တန် ဖိုးရှိ မိုးကုတ်ပတ္တမြားတွေနဲ့ စီခြယ်ထားတဲ့ Crown ကို ရရှိမှာဖြစ်ပါတယ်။