ဟာသဇာတ်လမ်းပုံစံ “မင်္ဂလာပွဲ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show အခမ်းအနား ကျင်းပ

The Ray Film Production က ဟာသဇာတ်လမ်းပုံစံ “မင်္ဂလာပွဲ”ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ဇွန်လ ၂၅ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ဒီဇာတ်ကားထဲမှာ မေလေးက ရတနာမြတ်ဆိုတဲ့ ကောင်မလေးနေရာက ပါဝင်ထားပါတယ်။ ချစ်သူ လက်ထပ်လိုက်တဲ့ လက်တွဲဖော်ကတော့ ဘယ်သူ့ကို ရွေးချယ်လိုက်လဲဆိုတော့ ဇာတ်ကားရုံတင်ရင် လာကြည့်ပေးပါလို့ ပြောချင်ပါတယ်။ ပရိသတ်တွေ ပျော်ရွှင်ရယ်မောစေမယ့် ဟာသ ဇာတ်လမ်းလေးကိုလာအားပေးကြပါဦးလို့ပြောချင်ပါတယ် ”လို့ အကယ်ဒမီ မေမြင့်မိုရ်က ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်းမင်းကိုစိုး(နတ်သံကွင်း)၊ ဇာတ်ညွှန်း ရန်နိုင်ထွန်း၊ သားမြင့်ရွှေနဲ့ မောင်သစ္စာ၊ တွဲဖက်ဒါရိုက်တာ နေလင်း၊ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီနေဝင်း၊ တိုင်ရွန်၊ ခင်လှိုင်၊ အကယ်ဒမီမေမြင့်မိုရ်၊ အကယ်ဒမီခြူးလေး၊ အကယ်ဒမီစိုးမြတ်သူဇာ၊ ဇော်ဝင်းနိုင်(မန်း)၊ သွက်လက်၊ ဇင်မျိုး၊ မာမီသက်၊ စူပါလင်း၊ ဇက်ဂိုဟန်၊ လှမျိုးသဥ္ဇာနွယ်၊ အေးသီတာ၊ မောင်ကင်း၊ ပီယ စတဲ့သူတွေ ပါဝင်ထားကြပါတယ်။

“မင်္ဂလာပွဲ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇွန်လ ၂၇ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၆-၆-၂၀၂၅) ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ