
ငြိမ်းချမ်းရေးဖိုရမ် – Peace Forum 2025 ဒုတိယနေ့ ဆက်လက်ကျင်းပ
“ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့်ဖက်ဒရယ်စနစ်တို့ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” သုံးသပ်ဆွေးနွေးပွဲငြိမ်းချမ်းရေးဖိုရမ် – Peace Forum 2025 ဒုတိယနေ့ကို ယနေ့ ဇွန်လ ၂၆ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်ခန်းမ၌ ဆက်လက်ကျင်းပလျှက်ရှိကြောင်း သိရသည်။
အဆိုပါ ပွဲငြိမ်းချမ်းရေးဖိုရမ် – Peace Forum 2025 ဒုတိယနေ့တွင် ❝နိုင်ငံတော်၏ ပကတိအခြေအနေများနှင့် ရွေးကောက်ပွဲ၏ အရေးပါမှု❞ ခေါင်းစဥ်နှင် ❝လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပပြီး ဥပဒေနှင့်အညီ လွှတ်တော်ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်သင့်သော အစီအမံများ❞ ဟူသည့် ခေါင်းစဥ်တို့ကို အဖွဲ့နှစ်ဖွဲ့ခွဲကာ ဆွေးနွေးကြမည်ဖြစ်သည်။
အဖွဲ့ (၁) တွင် ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က Moderator အဖြစ်ဆောင်ရွက်၍ Speaker များအဖြစ် ဒေါက်တာအောင်မြတ်ဦး၊ ဒေါက်တာတူးဂျာ၊ ဦးခွန်ထွန်းရွှေနှင့် ဒေါ်စောမြရာဇာလင်းတို့ကလည်းကောင်း၊ ဒေါက်တာခင်မောင်ဦး၊ ဦးစောကြည်လင်း၊ ဦးခေါတိန့်နှင့် တက်ရောက်လာကြသူများက နံနက်ပိုင်းအစီအစဥ်တွင် ပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။



အလားတူ အဖွဲ့(၂) တွင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိုန်(ငြိမ်း) က Moderator အဖြစ်ဆောင်ရွက်၍ Speaker များအဖြစ် ဦးကိုကိုကြီး၊ ဦးစိုင်းဌေးအောင်၊ ဦးဘရှိုန်၊ စောကျော်ညွှန့်နှင့် တက်ရောက်လာကြသူများကလည်းကောင်း၊ ဦးထက်အောင်ကျော်၊ ဦးစိုင်းအိုက်ပေါင်း၊ မန်းအောင်ပြည်စိုးနှင့် တက်ရောက်လာကြသူများကလည်းကောင်း အသီးသီး ပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။
ထို့နောက် နေ့လည်ပိုင်းတွင် Plelary Session 2 အဖြစ် ငြိမ်းချမ်းရေး ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲနှင့် နိုင်ငံတော်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည့်နည်းလမ်းများကို ဖော်ထုတ်ခြင်း ခေါင်းစဥ်ဖြင့် ဆက်လက်ဆွေးနွေးကြမည်ဖြစ်သည်။
အဆိုပါ Plelary Session 2 အဖွဲ့ (၁) တွင် Moderator အဖြစ် ဒေါက်တာညိုညိုသင်းက ဆောင်ရွက်၍ Speaker များအဖြစ် ဒေါက်တာအေးမောင်၊ ဒေါက်တာအမ်ခွန်လှ၊ နန့်ခင်အေးဦး၊ ဦးရန်ကျော်နှင့် တက်ရောက်လာကြသူများက ပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။



ထို့အတူ Plelary Session 2 အဖွဲ့ (၂) က ရွေးကောက်ပွဲအလွန် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည့် နိုင်ငံတကာအသိုက်အဝန်းများ၏ အခန်းကဏ္ဍကို ဖော်ထုတ်ခြင်း ခေါင်းစဥ်ဖြင့် ဆွေးနွေးကြရမည်ဖြစ်သည်။
ယင်းတွင် Moderator အဖြစ် ဒေါက်တာချောချောစိန်က ဆောင်ရွက်၍ Speaker များအဖြစ် ဒေါ်စန္ဒာမင်း၊ ဦးကိုကို(စက်မှု)၊ ဦးသစ္စာ၊ ဒေါက်တာဝင်းမာလှိုင်နှင့် တက်ရောက်လာကြသူများက ပါဝင်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။