အမြန်လမ်း ၃၉ မိုင်၊ ပဲခူးမြစ်ကမ်းဘေးက ကျိုက်ဒေးကွမ်းစေတီတော်မြတ်ကြီး မြေခ ပြိုကျ

ပဲခူးမြို့နယ်၊ ဘောနတ်ကြီးကျေးရွာအနောက်ဘက်ရှိ ပဲခူးမြစ်ကမ်းဘေး ကျိုက်ဒေးကွမ်းတောင်ပေါ်တွင် ပြန်လည်မွမ်းမံလျက်ရှိသည့် ဉာဏ်တော် ၉ တောင်အမြင့်ရှိ ကျိုက်ဒေးကွမ်းစေတီတော်မြတ်ကြီးသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေကြီးများပျော့ကာ ဇွန်လ ၂၀ ရက် ညနေ ၅ နာရီခွဲအချိန်က ပဲခူးမြစ်ရှိရာဘက်ခြမ်းသို့ ပြိုကျမှု ဖြစ်ပွားခဲ့သည်။

ကျိုက်ဒေးကွမ်းစေတီတော်မြတ်ကြီးသည် ရှေးမွန်ဘုရင်များ တည်ထားကိုးကွယ်သည့် နှစ်ပေါင်းရာချီ သက်တမ်းရှိ ရှေးဟောင်းစေတီတော်လည်းဖြစ်ပြီး အမြန်လမ်း ၃၉ မိုင်၊ ဇောင်းတူရေလွှဲဆည်အနီးတည်ရှိကာ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းအတွင်းက ထီးတော်ပြန်တင်ခဲ့ပြီးနောက် မွမ်းမံမှုများ ဆက်လက် လုပ်ဆောင်နေသော စေတီတော်ဖြစ်သည်။

စေတီတော်မြတ်ကြီးမှာ ထုထည်ကြီးမားသဖြင့် ပြန်လည်မွမ်းမံနိုင်ခြင်းမရှိ၍ အပေါ်ယံ ၉ တောင်စေတီသာ ပြန်တင်အပြီး စေတီတော်ကြီးကို ငုံကာ ပြန်လည် တည်ထားပူဇော်ရန် လုပ်ဆောင်နေချိန် ယခုကဲ့သို့ ဖြစ်ခဲ့ရခြင်းလည်းဖြစ်သည်ဟု ဒေသခံဆရာတော်တစ်ပါးက မိန့်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၁-၆-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၂၁-၆-၂၀၂၅) ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ