(၁၈-၆-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၈-၆-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ မန္တလေးတက္ကသိုလ်ပင်မဆောင်ကြီး မီးလောင်ခဲ့ရာတွင် ပျက်စီးခဲ့သည့် အဖြေလွှာများအတွက် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်စစ်ဆေး

၂။ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ တရုတ်နိုင်ငံသို လေ့လာရေးခရီးထွက်ခွာ

၃။ ရေအားလျှပ်စစ်မှ လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်မည့် စီမံကိန်းအသစ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဟု လျှပ်စစ်ဝန်ကြီးပြော

၄။ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပါကစ္စတန်နိုင်ငံသား ၁၆ ဦးကို သက်ဆိုင်ရာနိုင်ငံသို ထပ်မံပြည်နှင်လွှပြောင်းပေးအပ်

၅။ ပြည်ပရောက် အကြမ်းဖက်အုပ်စုများ၏ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ပန်းသပိတ်နှင့် အခြားလှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားသူများကို ထိရောက်စွာ အရေးယူရန် လုံခြုံရေးတပ်ဖွဲများ စီစဉ်နေ

၆။ CDM မလုပ်သည့် လက်ရှိ နိုင်ငံ့ဝန်ထမ်းများကို အရေးယူမည့် ဥပဒေထုတ်ပြန်သည့် CRPH ကို ဗကသအဖွဲက ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပြီး ဖြစ်လာသမျှအကျိုးဆက် တာဝန်ခံရမည်ဟုပါ သတိပေး

၇။ “ဝ” လက်နက်ကိုင် UWSA က ထောင်တစ်သက်ချထားတဲ့ တရုတ်နိုင်ငံသားက ထောက်ဖောက်ပြေးတာကြောင့် UWSA က လိုက်လံဖမ်းဆီးကာ ချက်ချင်းသေဒဏ်ချ ကွပ်မျက်

၈။ ဇွန်လ ၁၇ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၉၀၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၅၀ ကျပ်၊ Octane 95 – ၂၉၁၅ ကျပ်၊ Diesel – ၂၄၁၀ ကျပ်၊ Premium Diesel – ၂၉၉၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ပါကစ္စတန်က အစ္စရေးကို နျူကလီးယားဒုံးကျည်ဖြင့် တိုက်ခိုက်မည်ဟု အီရန်ပြောကြား

၂။ Air India လေကြောင်းလိုင်းမှ နောက်ထပ် ဘိုအင်း လေယာဉ်တစ်စင်း နည်းပညာပြဿနာကြောင့် ဟောင်ကောင်သို ပြန်လှည့်ခဲ့ရ

၃။ လေဆာလက်နက်အသစ်တွေကို ရုရှားအစိုးရ စမ်းသပ်

၄။ ပြည်သူများ အီရန်မြိုတော် တီဟီရန်မှ ချက်ချင်း ထွက်ခွာကြရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် သတိပေး

၅။ အီရန်-အစ္စရေးပဋိပက္ခမှာ အမေရိကန်ပါဝင်လာနိုင်ဟု ဒေါ်နယ်ထရမ့်ပြော

၆။ အိန္ဒိယနိုင်ငံမှာ တံတားတစ်စင်းပြိုကျခဲ့ပြီး အနည်းဆုံးလူ (၆) ဦးသေဆုံး

အားကစားသတင်းများ

၁။ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

၂။ အမျိုးသမီးဖူဆယ်လိဂ် Week -1 အပြီး အမှတ်ပေးဇယား ထိပ်ဆုံးတွင် ရပ်တည်နေပြီဖြစ်သည့် Yangon City FC အမျိုးသမီးအသင်း

၃။ ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကစ်ဘောက်ဆင် လူရွေးပွဲပြလုပ်မည်

၄။ ရော်နယ်လ်ဒိုက ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးထားတဲ့ဂျာစီကို ထရမ့်ကို လက်ဆောင်ပေး

၅။ ဘလွန်းဒီအောဆုအတွက် ရေပန်းစားမှု ဒမ်ဘီလီ ဂုဏ်ယူ

အနုပညာသတင်းများ

၁။ Date With Me? Season 2 မှာ ပထမဦးဆုံး မိန်းကလေးအနုပညာရှင်ဖြစ်တဲ့ နာမည်ကြီး ထပ်ဆင့်အကယ်ဒမီမင်းသမီး ဖွေးဖွေးပါဝင်လာ

၂။ မြတ်သူသူစုံတွဲက တစ်‌ယောက်ကိုတစ်ယောက်ချစ်ကြတာမို ချစ်ဖိုကောင်းပါတယ် အကိုကတော့ Single ပါပဲဆိုတဲ့ ဒေါင်းဝေ

၃။ ၅၂၈ နဲ့ အချစ် ဒရာမာဇာတ်လမ်းပုံစံ “အောင်စည်အောင်မောင်း” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကျင်းပခဲ့

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၇-၆-၂၀၂၅) ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၁၈-၆-၂၀၂၅) ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ