(၁၇-၆-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၇-၆-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းအထိ သစ်တောများဖုံးလွှမ်းအောင် ရည်မှန်းချက်ထားပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားကြရန် နစကဥက္ကဋ္ဌ မှာကြား

၂။ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၄) ဖွင့်ပွဲအခမ်းအနားများ ကျင်းပ

၃။ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/ သူ ၉ ဦး၏ မိဘများကို PDF က ခြိမ်းခြောက်သဖြင့် မိဘများက သားသမီးခေါ်ကာ ပြန်သွားရသဖြင့် ဖြေဆိုနိုင်ရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ပေးနေရ

၄။ လေပတ်ကား‌ ရွှေရောင်းဝယ်သူများကို သုံးကြိမ်ခေါ်ယူစစ်ဆေးထားပြီး ပထမဆုံးစစ်ဆေးခဲ့သူများကို တရားရုံးတင် အရေးယူထားပြီဖြစ်ကြောင်း YGEA ဥက္ကဋ္ဌ ပြော

၅။ ဇဗ္ဗူသီရိမြိုနယ်၌ လျှပ်စစ်မီးကြိုးများအားဖြတ်တောက်ခိုးယူသူ (၂) ဦးကို ပုဒ်မ ၆ (၁) ဖြင့်အမှုဖွင့်

၆။ ယူနက်စကိုစာရင်းဝင် အင်းတော်ကြီးဒေသတွင် KIA ခွင့်ပြုချက်ဖြင့် တရားမဝင်စည်းကမ်းမဲ့ ရွှေတူးနေ

၇။ ချောက်မြိုနယ် ကိုင်းထောက်ကန်ရွာရှိ အကြမ်းဖက်စခန်းကို တပ်မတော် ရှင်းလင်းရာ အကြမ်းဖက် (၂) လောင်းနဲ့ M-22 သေနတ် (၁) လက်ရရှိ

၈။ ဇွန်လ ၁၆ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၉၀၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၅၀ ကျပ်၊ Octane 95 – ၂၉၁၅ ကျပ်၊ Diesel – ၂၄၁၀ ကျပ်၊ Premium Diesel – ၂၉၉၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ထိုင်းနှင့်နယ်စပ်အငြင်းပွါးမှုကို အိုင်စီဂျေက ဆုံးဖြတ်ပေးရန် ကမ္ဘောဒီးယားက လျှောက်ထား

၂။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက အစ္စရေးနဲ့ အီရန်နိုင်ငံတိုထံ သီးခြားဖုန်းခေါ်ဆိုခဲ့

၃။ နောက်ထပ် ၃၆ နိုင်ငံ အမေရိကန်ဝင်ခွင့် ပိတ်ဦးမည်

၄။ သေနတ်နဲ့ဆိုင်တဲ့ဥပဒေတွေကို တင်းကျပ်ဖို ဩစတြီးယားအစိုးရ စီစဉ်နေ

၅။ အီရန်အစိုးရရဲ့ပစ်မှတ်တိုင်းကို တိုက်ခိုက်သွားမယ်လို အစ္စရေး ခြိမ်းခြောက်

၆။ အီရန်-အစ္စရေးအရေးနဲ့ ယူကရိန်းပဋိပက္ခတိုကို ရုရှားသမ္မတနဲ့ အမေရိကန်သမ္မတတိုဆွေးနွေး

အားကစားသတင်းများ

၁။ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်မြိုတွင်စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားအဖွဲများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများ၊ သင်တန်းသား/သင်တန်းသူများနှင့်တွေ့ဆုံပြီး နပန်း၊ ကျွမ်းဘား အားကစားအဖွဲများ၏ လေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေး

၂။ MNL League Cup ကွာတားဖိုင်နယ် ပွဲစဉ်များ ကစားတော့မည်

၃။ ထိုင်းအသင်းကို (၅)ဂိုးပြ-တ်ဖြင့် ရှူးနိမ့်ခဲ့သည့် မြန်မာအမျိုးသမီး ယူ-၁၉ အသင်း

၄။ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလား အုပ်စုပွဲစဥ် – အချိန်ပိုင်းကစားသမားတွေနဲ့ ဖွဲစည်းထားတဲ့ အော့ကလန်စီးတီးကို ၁၀ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ ဘိုင်ယန်

၅။ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလား အုပ်စုပွဲစဥ်တွင် ပီအက်စ်ဂျီအသင်းက အက်သက်လက်တီကို အသင်းကို ဂိုးပြတ်အနိုင်ရရှိ

အနုပညာသတင်းများ

၁။ ပိုင်တံခွန်တိုစုံတွဲက စိတ်ရင်း အရမ်းဖြူတယ်၊ ရိုးတယ်၊ချစ်စရာကောင်းတယ်ဆိုတဲ့ အေးချမ်းမောင်

၂။ မပြည့်စုံချိန်မှာတောင် အမေကိုဦးစားပေးခဲ့သူမို အဆင်ပြေ‌လာချိန်မှာ မြတ်သူအမေကို ရှိစေချင်တယ်ဆိုတဲ့ မြတ်သူသူ

၃။ အေးချမ်းမောင်လို ဦး‌ဆောင်နိုင်တဲ့ အစ်ကိုတစ်ယောက် လိုချင်တယ်ဆိုတဲ့ Htet Skincare & Cosmetic CEO မထက်အိ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Date With Me? Season 2 မှာ ပထမဦးဆုံး မိန်းကလေးအနုပညာရှင်ဖြစ်တဲ့ နာမည်ကြီး ထပ်ဆင့်အကယ်ဒမီမင်းသမီး ဖွေးဖွေးပါဝင်လာ
Next post မြစ်ကြီးနားတွင် ဧရာဝတီမြစ်ရေ တစ်ပေကျော် ပြန်တက်လာ