အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံတွင် တွေ့ဆုံ ဆွေးနွေး
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ယနေ့(ဧပြီ ၁၇ ရက်)တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Rosewood Ploenchit ဟိုတယ်၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ထိုင်း နိုင်ငံ သတင်းဌာနအချို့တွင် ဖော်ပြမှုအရသိရသည်။
အဆိုပါတွေ့ဆုံံဆွေးနွေးမှုတွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်၏ အာဆီယံဆိုင်ရာအကြံပေးပုဂ္ဂိုလ် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်လည်းပါဝင်ကြောင်းနှင့် တွေ့ဆုံပွဲပြုလုပ်သည့် ဟိုတယ်သို့ မီဒီယာများအား ဝင်ခွင့်မပြုဘဲ လုံခြုံရေးတင်းကျပ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြထားမှုအရသိရသည်။
ယခု တွေ့ဆုံမှုတွင် မြန်မာ၌တွေ့ကြုံခဲ့ရသည့် ငလျင်ဘေးကူညီထောက်ပံ့ရေးသာမက အပစ်အခတ်ရပ်စဲရေးဆိုင်ရာကိစ္စရပ်များလည်း ဆွေးနွေးဖွယ်ရှိကြောင်း မလေးရှားအစိုးရနှင့် နီးစပ်သည့် ၎င်းတို့၏သတင်းရင်းမြစ်က ဖော်ပြထားသည်။
