// | DailyBriefNews ငလျင်ကယ်ဆယ်ရေးအလှူတွင် ဆန်နှစ်အိတ်ထမ်းကာ စွမ်းအားပြသူအဖြစ် ပရိသတ်အားကျခံရတယ့် ထူးအောင် -

ငလျင်ကယ်ဆယ်ရေးအလှူတွင် ဆန်နှစ်အိတ်ထမ်းကာ စွမ်းအားပြသူအဖြစ် ပရိသတ်အားကျခံရတယ့် ထူးအောင်

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများအား ကူညီရန် ကယ်ဆယ်ရေးလုပ်ငန်းများတွင် သရုပ်ဆောင် ထူးအောင်က စိတ်အားထက်သန်စွာ ပါဝင်ခဲ့သည်။ အမရပူရမြို့သို့ သွားရောက်ကာ ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းမှုတွင် သူကိုယ်တိုင် ကာယခွန်အားဖြင့် အားထုတ်ကူညီခဲ့သည့် သတင်းမှာ ပရိသတ်အကြား အထူးစိတ်ဝင်စားမှု ရရှိနေသည်။

အထူးသဖြင့် လှူဒါန်းမှုအတွင်း အခြားသူများ ဆန်တစ်အိတ်စီ ထမ်းချချိန်တွင် ထူးအောင်ကမူ တစ်ကြိမ်တည်းနှင့် ဆန်နှစ်အိတ်ထမ်းကာ ကူညီခဲ့သည့် မြင်ကွင်းက ပရိသတ်များကို အံ့အားသင့်စေခဲ့သည်။ မင်းသားတစ်ဦးဖြစ်သော်လည်း လူထုနှင့် ရောယှက်ကာ အားကိုးအားထားရသူအဖြစ် ပြသခဲ့သည့် ထူးအောင်သည် Gym လေ့ကျင့်သူတစ်ဦးဖြစ်ပြီး ကျစ်လျစ်တောင့်တင်းသော ခန္ဓာကိုယ်ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။ ၎င်း၏ ခွန်အားနှင့် စေတနာကြောင့် ပရိသတ်များက သဘောကျနှစ်ခြိုက်မှုများ ပေးပို့လျက်ရှိသည်။

ထို့ပြင် ပရိသတ်တစ်ဦးက “ထူးအောင်က တစ်ခါစားရင် ကြက်ဉကို အလုံး ၂၀ တထိုင်တည်းစားနိုင်တယ်ဆိုတော့ ဒီလောက် ထမ်းနိုင်တာ မထူးဆန်းပါဘူး။ ဒီပမာဏက အခုချိန်မှာ မိသားစု သုံးစုလောက်ရဲ့ တစ်နပ်စာ ဖြည့်ဆည်းပေးနိုင်တယ်” ဟု ထောက်ပြခဲ့သော်လည်း ထူးအောင်၏ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီမှုသည် သူ၏ လူသားချင်းစာနာမှုနှင့် ခွန်အားကို ပြသသည့် သာဓကတစ်ခုအဖြစ် လူအများက အသိအမှတ်ပြုနေကြပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post စစ်ကိုင်းတွင် လုပ်အားပေးနေသည့် စေတနာ့ဝန်ထမ်းများ၊မလေးရှား ကယ်ဆယ်ရေးအဖွဲ့တို့ကို နစကဥက္ကဋ္ဌ သွားရောက် အားပေး
Next post မန္တလေးမြို့တွင် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသည့် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များကို နစကဥက္ကဋ္ဌ သွားရောက်တွေ့ဆုံ