// | DailyBriefNews We are Myanmar (ငါတို့အားလုံးသည် မြန်မာ) စိတ်ဖြင့် လက်တွဲအကောင်အထည်ဖော်ကြရန် နစက ဥက္ကဋ္ဌတိုက်တွန်း -

We are Myanmar (ငါတို့အားလုံးသည် မြန်မာ) စိတ်ဖြင့် လက်တွဲအကောင်အထည်ဖော်ကြရန် နစက ဥက္ကဋ္ဌတိုက်တွန်း

We are Myanmar (ငါတို့အားလုံးသည် မြန်မာ) စိတ်ဖြင့် လက်တွဲအကောင်အထည်ဖော်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့၍ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားအားလုံး မြန်မာစိတ်မွေးပြီး We are Myanmar (ငါတို့အားလုံးသည် မြန်မာ) ဟူသောစိတ်၊ တစ်သွေး တစ်သားတည်းစည်းလုံးညီညွတ်သော အမျိုးသားစိတ်ဓာတ်ဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွဲအကောင်အထည်ဖော်ကြရန် သန္နိဋ္ဌာန်ချဆောင်ရွက်ကြရမည်ဟု တိုက်တွန်းပြောကြားသည်။

” မိမိတို့ နစက အနေနဲ့လည်း နစက ရဲ့ “ရှေ့သို့ချီမည်ပန်းတိုင်ဆီ”ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ နိုင်ငံ့အကျိုး၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးရဲ့အ ကျိုးကိုရှေးရှုပြီး ပိုမိုကောင်းမွန်တဲ့ နိုင်ငံတော်နဲ့လူမှုစီးပွားဘဝတွေကို ကြိုးစားတည်ဆောက် ပေးသွားပါမယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ထို့ပြင် နစက အနေဖြင့် နိုင်ငံရေးတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို အရင်းမူလထားကာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရိုသေလေးစား လျက် နိုင်ငံရေးဦးတည်ချက်(၄) ရပ်၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဟူသော အမျိုးသားရေးရည်မှန်း ချက်(၂)ရပ်တို့ကို အကောင်အထည်ဖော်လျက်ရှိသည်ဟု ပြောသည်။

” တိုင်းပြည်သာယာဝပြောရေးဟာ တည်ငြိမ်အေးချမ်းရေးနဲ့တိုက်ရိုက်ဆက်စပ်နေတဲ့ အရေးကိစ္စဖြစ်သလို တည်ငြိမ် အေးချမ်းရေးဟာလည်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့တိုက်ရိုက်ပတ်သက်နေတာကြောင့် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေကို တစ်ပြိုင်တည်းဆောင်ရွက်နေပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ထို့ပြင် တပ်မတော်သည် ပြည်သူလူထုမှ ပေါက်ဖွားလာသော ပြည်သူ့တပ်မတော်ဖြစ်၍ နိုင်ငံတော်ကိုကာကွယ်ရန် အစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ်ကာ တပ်မတော်နှင့်ပြည်သူ တစ်သားတည်းရပ်တည်မှုသည် နိုင်ငံတော်ကာကွယ်ရေး အတွက် အခြေခံပံ့ပိုးမှုတစ်ရပ်ဖြစ်သည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သီလဝါတွင် ဆိပ်ကမ်းတံတား (၃) ခု တည်ဆောက်မည်
Next post နိုင်ငံတစ်ဝန်းမှ အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေး