
နေပြည်တော်မှာ ပြုလုပ်တဲ့ Myanmar Countdown 2025 စည်ကားခဲ့သလို အေးချမ်းပျော်ရွှင်စွာ ကျင်းပပြီးစီး
နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းမှာ ပြုလုပ်တဲ့ Myanmar Countdown 2025 ပွဲကို နေပြည်တော် မြို့ခံတွေအပြင် ရန်ကုန်နဲ့ အခြားမြို့ကြီးတွေက အများပြည်သူတွေပါ လာရောက်ခဲ့ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါတယ်။
အဆိုပါပွဲများ အခမဲ့ဖျော်ဖြေပွဲဖြစ်တာရယ်၊ အေးချမ်းပျော်ရွှင်စွာ နှစ်သစ်ကူးည ဖြတ်သန်းလိုသူတွေ လာရောက်တာများ တဲ့အတွက် ညနေ ၃ နာရီလောက်ကတည်းက အများပြည်သူတွေ လာရောက်ခဲ့တာဖြစ်ပြီး လုံခြုံရေးအရ စစ်ဆေးရေးဂိတ်မှာ ဆိုရင်လည်း အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းခဲ့ရတဲ့အခြေအနေပါ။





အဆိုပါပွဲရဲ့New Year Countdown ရေတွက်မှုကို ည ၁၂ နာရီမှာ အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီးနောက် ဖျော်ဖြေမှုတွေကို ည ၁ နာရီခန့်အထိ ဆက်လက်ကျင်းပခဲ့သလို Project K အဖွဲ့၊ Jason Ace ၊ အစ္စဏီ၊ ယွန်းမြတ်သူ၊ ရဲရင့်အောင်၊ ရတနာမိုင်၊ အောင်ထက်၊ J Fire တို့လို တေးသံရှင်တွေက ဖျော်ဖြေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။