// | DailyBriefNews ချစ်ပရိသတ်အတွက် လက်ထပ်ကြမယ်ဆိုတဲ့ မင်္ဂလာလက်ဖွဲ့ သီချင်းလေး ပေးလိုက်တယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် -

ချစ်ပရိသတ်အတွက် လက်ထပ်ကြမယ်ဆိုတဲ့ မင်္ဂလာလက်ဖွဲ့ သီချင်းလေး ပေးလိုက်တယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

အရွယ်သုံးပါးမရွေး ပရိသတ်ချစ်ခင်မှုကို ရရှိထားတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ ယနေ့မှာ ချစ်ပရိသတ်အတွက် လက်ထပ်ကြမယ်ဆိုတဲ့ မင်္ဂလာလက်ဖွဲ့သီချင်းလေး ပေးလိုက်ပါတယ်။ “ဒီသီချင်းလေးက ပရိသတ်တွေအားလုံးအတွက် ကျွန်တော့်ရဲ့ မင်္ဂလာလက်ဖွဲ့ပါ။ ဆိုတော့ကာ ကိုယ့်ချစ်သူကိုယ် Mention နိုင်ပါပြီ။ သီချင်းအားဖြင့် စိတ်အပန်းပြေ နိုင်ပါစေခင်ဗျာ” လို့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

အဆိုပါ တေးသီချင်းကိုတော့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ရေးသားထားပြီးတော့ Featuring အနေနဲ့ မောင်မောင်ပြည့်စုံက သီဆိုထားသလို ဒါရိုက်တာ ဝင်းလွင်ထက်၊ သရုပ်ဆောင် ထူးအောင်၊‌ မေဂရေ့စ်၊ Host အနေနဲ့ဆန်းထွဋ်၊ ကိုဂျွန်လွင်ရဲ့ ( Stars & Models Int’l ) မော်ဒယ်လ်တွေက ပါဝင်သရုပ်ဆောင်ထားပါတယ်။

“မူလလက်ဟောင်း စိုင်းစိုင်း Album ထဲက တတိယမြောက် Single သီချင်းဖြစ်တဲ့ လက်ထပ်ကြမယ် သီချင်းပါ။ ဒီသီချင်းကိုတော့ မောင်မောင်ပြည့်စုံနဲ့ အတူဆိုထားတာပါ။ သီချင်းနာမည်ကို ရိုးရိုးလေးပေးထားတယ် “လက်ထပ်ကြမယ်” သီချင်းက ကိုယ့်ကောင်လေး ကောင်မလေးကို မပြောရဲလို့ရှိရင်Mention ခေါ်လိုက်ရုံပါပဲ” လို့ သူက ဆိုပါတယ်။

“လက်ထပ်ကြမယ်”Official Music Video လေး မထွက်လာခင်မှာလည်း ပရိသတ်တွေကို ကောင်လေးနဲ့ကောင်မလေး နှစ်‌ယောက်စုံပုံလေးနဲ့ Surprise ‌အနေနဲ့တင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လေဖိအားနည်းဆဲလ်၏ အရှိန်ကြောင့် ယနေ့မှ အောက်တိုဘာ (၂၄)ရက်နေ့အထိ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း ဖြစ်ပေါ်နိုင်
Next post မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပေါက်ကွဲမှုဖြစ်စဉ် နှင့် ပတ်သက်၍ အသိပေးချက်