
ဟိုပုံးမြို့နယ်အတွင်း ရေကြီးနေ၍ အခြေခံပညာ စာသင်ကျောင်း(၈)ကျောင်းကိုယာယီပိတ်
ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ သ၊ ဟိုးပုံးမြို့နယ်အတွင်းရေကြီးနေ၍ မြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်း(၈) ကျောင်းကို ယနေ့ စက်တင်ဘာ ၁၁ ရက်မှစတင်ကာ ယာယီပိတ်ထားရကြောင်း သိရသည်။
ဟိုပုံးမြို့နယ်အတွင်း စက်တင်ဘာ ၈ ရက်ညပိုင်းမှစတင်၍ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းခဲ့ရာ ယနေ့ စက်တင်ဘာ ၁၁ ရက်နံနက်အစောပိုင်းမှစတင်ပြီး နေအိမ်များအတွင်းနှင့်အခြေခံပညာစာသင်ကျောင်းများ၊ လမ်းများပေါ်သို့ ရေဝင်/ ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။



ထို့ကြောင့် အ.ထ.က(စငေါ)၊ အ.ထ.က(ကျောက္ကချား)၊ အ. လ.က(ဝမ်စောက်)၊ အ.မ.က မူလွန်(စံဖူး)၊ အ.မ.က(၁)၊ အ.မ.က (ဖာလွိုင်)၊ အ.မ.က (လိုက်ပေး)၊ အ.မ.က(နောင်ဆုံ)တို့တွင်တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား၊ကျောင်းသူများ နှင့်ဆရာ၊ဆရာမများ ရေဘေးအန္တရာယ်မကြုံတွေ့စေရန် ယာယီပိတ်ခဲ့ရကြောင်း သိရသည်။
ထိုသို့ ယာယီပိတ်ခဲ့ရသဖြင့် ကျောင်းသား၊ကျောင်းသူများ စာသင်ကြားမှုနောက်မကျစေရန် အစားထိုးသင်ကြားမှုများ ပြန်လည်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
More Stories
နစက နိုင်ငံတော်တာဝန်ယူစဥ် ကမ္ဘာ့အင်အားကြီး (၄)နိုင်ငံအနက်(၃)နိုင်ငံနှင့် ထိပ်သီးအဆင့်တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ခဲ့
နိုင်ငံတော်တာဝန်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ယူထားစဥ် နိုင်ငံတကာဆက်ဆံရေးကိုလွှမ်းမိုးထားသည့် ကမ္ဘာ့အင်အားကြီး(၄) နိုင်ငံအနက် တရုတ်၊ ရုရှား၊ အိန္ဒိယနိုင်ငံတို့နှင့် ထိပ်သီးအဆင့်တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်နိုင်ခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ ဇူလိုင် ၃၁ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂၀၂၅)တွင် ဆွေးနွေးတင်ပြခဲ့ခြင်းဖြစ်သည်။...
နစက၏၄ နှစ်ကျော်ကာလ တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်ပြီး လုပ်ဖေါ်ကိုင်ဖက်များအားကျေးဇူးတင်ကြောင်း နစက ဥက္ကဋ္ဌ ဂုဏ်ပြုပြောကြား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဂုဏ်ပြုတွေ့ဆုံပွဲကို ယနေ့ ဇူလိုင် ၃၀ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည်။အစိုးရအဖွဲ့ကလည်း အွန်လိုင်းနှင့်ကော လူကိုယ်တိုင်ပါ စုံလင်စွာတက်ရောက်ကြသည်။ ဥပဒေအရ မနက်ဖြန် ဇူလိုင် (၃၁)တွင် နစကအနေဖြင့် ကာလုံသို့...
ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရန်အတွက် သေဒဏ်အထိချမှတ်နိုင်သည့် ဥပဒေပြဌာန်း
ရွေးကောက်ပွဲကာလအတွင်း ပြဋ္ဌာန်းထားသည့် ဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ရာ၌ တစ်ဦးတစ်ယောက်ကို သေဆုံးမှုဖြစ်စေလျှင် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူအသီးသီးကို သေဒဏ်ချမှတ်ရမည့် “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေ” အား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၉ ရက် ရက်စွဲပါ...
ငလျင်ကာလအလွန် နည်းပညာဆိုင်ရာဆွေးနွေးပွဲကို နေပြည်တော်တွင်ကျင်းပ
ယနေ့ ဇူလိုင်လ ၂၈ ရက်တွင် “ငလျင်ကာလအလွန်တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် နည်းပညာဆိုင်ရာစိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ခြင်း” ငလျင်ကာလအလွန် နည်းပညာဆိုင်ရာဆွေးနွေးပွဲ အခမ်းအနားကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် နစကဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်...
နောင်ချို့မှ TNLA, DPLA နှင့် MDY PDF တို့ အလင်းဝင်သူ လက်နက်ကိုင် ၈၄ ဦး ရှိလာ
တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစဉ်တစ်စိုက် အလေးထားဆောင်ရွက်လျက်ရှိသည်နှင့်အညီ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter – Terrorism Operation) သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် နယ်မြေများအား အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုများအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာအားရ ကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ...
ရွေးကောက်ပွဲကော်မရှင်ခွဲ အဆင့်ဆင့်အား မကြာမီရက်ပိုင်းအတွင်း ခန့်အပ်ဖွဲ့စည်းသွားမည်ဟု UEC ပြော
တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကျေး ရွေးကောက်ပွဲကော်မရှင်ခွဲ အဆင့်ဆင့်ကို မကြာမီရက်ပိုင်းအတွင်း ခန့်အပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဖြေကြားထားပါတယ်။ လက်ရှိတွင် တိုင်းဒေသကြီး၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးများအတွက် ခန့်အပ်ထားခြင်း မရှိသေးသည့်အတွက်...